ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အမျိုးသားစီမံကိန်းဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးချုပ်)
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း
၁။ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ နေပြည်တော်၊ ဗဟိုစာရင်းအင်းအဖွဲ့(ရုံးချုပ်)၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံးများတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်း ပြည့်မီသူများ လျှောက်ထားနိုင်ပါသည်-
|
စဉ် |
ရာထူး/ လစာနှုန်းကျပ် |
နေရာ |
ပညာအရည်အချင်း |
|
(က) |
ဒုတိယစာရင်းအင်းမှူး ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀ |
(၄၀) နေရာ |
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ |
|
(ခ) |
အငယ်တန်းစာရေး ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀ |
(၂၀) နေရာ |
- အခြေခံပညာအထက်တန်းအောင် |
၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် ရွေးချယ်ခံရပါက နေပြည်တော်၊ ဗဟိုစာရင်း အင်းအဖွဲ့(ရုံးချုပ်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့ရုံးများတွင် တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။ လျှောက်ထားသူများသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(ဂ) ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ၃၁-၁-၂၀၂၆ ရက်နေ့တွင် အသက် ၃၅ နှစ်အထက် မကျော် လွန်သူ ဖြစ်ရမည်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ၃၁-၁-၂၀၂၆ ရက်နေ့တွင် အသက် ၄၀ နှစ်အထက် မကျော်လွန်သူဖြစ်ရမည်၊
(ဃ) ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး (၅) နှစ် တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးနိုင်ရမည်၊
(င) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ၊
(စ) အမှတ်စဉ် (၁)(က) ရာထူးအတွက် ကွန်ပျူတာ အသုံးပြုနိုင်သူများကို ဦးစားပေး မည်။
၃။ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်။ သတ်မှတ်လျှောက် လွှာပုံစံကို ဗဟိုစာရင်းအင်းအဖွဲ့၏ Website ဖြစ်သည့် https://www.csostat.gov.mm တွင် Download ရယူ၍လည်းကောင်း၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးအမှတ်-၃၂)တွင် ရုံးချိန်အတွင်း အခမဲ့လာရောက်ထုတ်ယူ၍လည်းကောင်း လျှောက်ထားနိုင် ပါသည်။
၄။ စာမေးပွဲဝင်ကြေး ကျပ် ၁၀၀၀/- (ကျပ် တစ်ထောင်တိတိ) ကို နီးစပ်ရာ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟို စာရင်းအင်းအဖွဲ့ (ရုံးအမှတ်-၃၂)၊ ငွေစာရင်းအမှတ်၊ MD-010550 သို့ ပေးသွင်းရပါမည်။
၅။ လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်-
(က) ငွေသွင်းချလန် (မူရင်း)၊
(ခ) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်၊ စာမေးပွဲဖြေဆို သည့်အခါ ဘွဲ့လက်မှတ်မူရင်း တင်ပြရန်)၊
(ဂ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်၊ စာမေးပွဲဖြေဆိုသည့်အခါ လက်မှတ် မူရင်း တင်ပြရန်)၊
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(င) သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းတို့မှ လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက် (မူရင်း)၊
(စ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁) လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓာတ်ပုံ (၃) ပုံ (နောက်ကျောတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖော်ပြရန်)၊
(ဆ) ဝန်ထမ်း မဟုတ်သူများအတွက် သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင် ကတ်ပြားမိတ္တူ (ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြရန်)၊
(ဇ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ်ဆရာဝန်၏ (၁) လအတွင်း ဆေးစစ်ထောက်ခံချက်မူရင်း။
၆။ ပြင်ပပုဂ္ဂိုလ်များသည် လျှောက်လွှာများကို အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်သို့ လိပ်မူပြီး လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း ၂၇-၂-၂၀၂၆ ရက် (သောကြာနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရမည်။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက် မပြည့်စုံသော လျှောက်လွှာများ၊ သတ်မှတ်အရည်အချင်းနှင့် မကိုက်ညီသူများကို လက်ခံထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။
၇။ ဝန်ထမ်းဖြစ်ပါက အထောက်အထားများပါရှိသော လျှောက်လွှာတစ်စောင်ကို မိမိတာဝန် ထမ်းဆောင်နေသည့် ဌာနအကြီးအကဲထောက်ခံချက်၊ ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်းတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ၂၇-၂-၂၀၂၆ ရက် (သောကြာနေ့) နောက်ဆုံးထားပေးပို့ရန် ဖြစ်ပါသည်။
၈။ ရေးဖြေစာမေးပွဲကို နေပြည်တော်၊ ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးချုပ်)တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို ၁၁-၃-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)မှ ၁၃-၃-၂၀၂၆ ရက် (သောကြာနေ့) အထိ ရုံးအမှတ်(၃၂)၊ ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးချုပ်)တွင် လာရောက် ထုတ်ယူ ရမည်ဖြစ်ပြီး မူရင်းပြရမည့် အထောက်အထားများအား မူရင်းမပြနိုင်သူများကို ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးမည် မဟုတ်ပါ။
၉။ ရေးဖြေစာမေးပွဲကို ၁၄-၃-၂၀၂၆ ရက်(စနေနေ့)တွင် ဗဟိုစာရင်းအင်းအဖွဲ့ (ရုံးချုပ်)၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ဖြေဆိုရမည့် ရေးဖြေစာမေးပွဲ ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတတို့ဖြစ်ပါသည်။
၁၀။ ရေးဖြေစာမေးပွဲ အောင်မြင်သူများ၏ အမည်စာရင်းနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည့် ရက်ကို https://www.csostat.gov.mm Website တွင် ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါသည်။
၁၁။ အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရုံးအမှတ် (၃၂)၊ ဖုန်းနံပါတ် ၀၆၇-၄၀၆၃၂၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
| Attachment | Size |
|---|---|
| အငယ်တန်းစာရေး.pdf | 54 KB |
| ဒုတိယစာရင်းအင်းမှူး.pdf | 56 KB |
| DySOandLD(CSO)WritingTest.pdf | 836 KB |
| Form (LD) 24-5-2024.pdf | 136 KB |
| Form (SA) 24-5-2024.pdf | 136 KB |
| vacancy call for Statistica lLiteracy.pdf | 30 KB |
| Power BI_ Job Description.pdf | 33 KB |
| ToR for Proposal Writing Training consultancy.pdf | 19 KB |
| JD-JR for Vacancy-Trade.pdf | 55 KB |
| vacanc call for Applied - New.pdf | 40 KB |